ကဝ စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ခမေကြီးကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက ယနေ့ကမ္ဘာနှင့်အဝှမ်းကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်သည့် လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဖြစ်စဉ်များအကြောင်း၊ လူကုန်ကူးမှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စုဆောင်းခြင်း၊ အမျိုးသမီးများတွေ့ကြုံရသော လူကုန်ကူးမှုအန္တရာယ်များ၊ ဒူဘိုင်းတွင်လူကုန်ကူးခံရသော အမျိုးသမီးငယ်(၇)ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပုံတို့ကို အသိပညာပေးဟောပြောပြီး ရုပ်/သံ-၃ ဦးစိုးပိုင်က ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ပေးပို့ထားသော “ဆင်ကလေးပအို့ အအေးမိသွားပြီ”စာအုပ်ဖြင့် ပုံပြင်များပြောပြခဲ့သည်။
ထို့နောက် လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)