ဝေါမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား Mobile Library စနစ်ဖြင့် ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဝေါ စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။

ထိုသို့ Mobile library စနစ်ဖြင့် စာအုပ်စာစောင်ပြသခြင်းနှင့် ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေကိုအလွယ် တကူလေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဂျာနယ်များစသည့် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို   Mobile library စနစ်ဖြင့် ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား Mobile library စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်း၊  ဖတ်ရှုပြီးစာအုပ်များ ပြန်လည်သိမ်းခြင်း၊ အသစ်ထပ်မံငှားရမ်း ဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် စာငှားအသင်းဝင်ကတ်များကိုလည်း အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)