ဒိုက်ဦး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့(ဒိုက်ဦး)တို့ပူးပေါင်း၍ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆွေသက်အောင်က (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြီး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့(ဒိုက်ဦး)မှ ဒုရဲအုပ်ဇော်မင်းထက်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးအကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)