မိတ္ထီလာ စက်တင်ဘာ ၈
မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က အမှာစကားပြောကြားသည်။ဆက်လက်၍ အထက(၁)၊ အထက(၂)၊ အထက(၄)၊ အလက (၂) နှင့် အထက(ခွဲ) အောင်ဇေယျာတို့မှ ကျောင်းသူများကျောင်းသားများက ၎င်းတို့ဖတ်ရှုလေ့လာ ထားသည့်စာအုပ်များအကြောင်းကို ဖတ်ကြားဆွေးနွေးသည်။ထိုနောက် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ကဗျာ ဆရာကြည်သိန်းဇော်က ကျောင်းသူကျောင်းသားများ၏ ဖတ်ကြားဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြောကြာ းသည်။ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ အထက(၄) မှ ပါဝင် ဆွေးနွေးသော Grade-11 ကျောင်းသူ မအိမ့်ခြူးစံက စာဖတ်ဝိုင်းကနေ အသိပညာဗဟုသုတွေ အများကြီးရရပါတယ်။ ကျောင်းပေါင်းစုံက ကျောင်းသူကျောင်းသာတွေက သူတို့ဖတ်ရှုလေ့လာခဲ့တဲ့ စာအုပ်များထဲက အပြန်အလှန်ဆွေးနွေးကြတာမို့ ကိုယ်မသိသေးတာတွေ လည်းသိရပါတယ်။ ပြီးတော့ စာရေးဆရာကြီးများ ကပြန်လည်သုံးသပ်ဆွေးနွေးပေးတာကြောင့် သမီးတို့အတွက် စာဖတ်ပေဖတ်ရှုလေ့လာတဲ့အခါ ဘယ်လို ဖတ်ရှုလေ့လာသင့်သလဲ၊ ဘယ်လို မှတ် သားလေ့လာရမလဲ ဆိုတဲ့ အသိပညာတွေပါရရှိပါတယ်ဟု ပြောကြားသည်။ အဆိုပါ စာဖတ်ဝိုင်းဟု ပြောကြားသည်။ အဆိုပါ စာဖတ်ဝိုင်းအစီအစဉ်ကို ကျောင်းသူကျောင်းသားများ စာပေဖတ်ရှု လေ့လာလိုစိတ်များပိုမို များပြားလာစေရန်၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် စာဖတ်အသိပညာ ဗဟုသုတများ ရရှိစေရန် စသည်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ