ရွှေကူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုပြီးစီး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များကို အေးချမ်းအောင်မြင်ဖြေဆိုပြီးစီးခဲ့ကြသည်။