တနိုင်းမြို့၌ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျေးရွာ၊ရပ်ကွက်ရုံးများတွင် တတိယအကြိမ် မဲအတည်ပြု မဲစာရင်းများကြေညာထားပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက် ကိုင်တွယ်မည့်မဲရုံအဖွဲ့ဝင်များအား ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်း(၉)နာရီမှစ၍ သက်ဆိုင်ရာ ကျေးရွာ၊ရပ်ကွက်ရုံးများတွင် ကြိုတင်မဲရုံမျာပြင်ဆင်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။