ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd CAEXPO) တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့(City Of Charm)အဖြစ် ပါဝင်ပြသရာတွင် ရိုးရာမပျက် ဂုဏ်ယူဖွယ်ရာပြသနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နင်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd CACXPO) တွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့ (City of Charm) အဖြစ် ဂုဏ်ယူစွာပါဝင်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။