ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) စာကြည့်တိုက်အတွက် ငွေကျပ်သိန်း (၁၀၀)တန်ဖိုးရှိ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း၊ စာပေဟောပြောပွဲအား တက်ရောက်အားပေး
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ရှိ တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် ကျောင်းသားလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတပြည့်ဝစေရေးအတွက် စာပေဟောပြောပွဲကို ယမန်နေ့(၁၀)နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။