ကချင်ပြည်နယ်

နောင်မွန်းမြို့၌ ကဆန်ချောင်းရေတိုက်စားမှုကြောင့် အ.မ.က(၁) ကျောင်းကမ်းပါးယံပြိုကျမှုနှင့် နရန် ချောင်းကူးတံတား ချဉ်းကပ်လမ်းရေတိုက်စားမှု ဖြစ်ပွား

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၇ နာရီတွင် အ.မ.က(၁) ကျောင်းကမ်းပါးယံပြိုကျမှုနှင့် နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်း (ကျေးလက်လမ်းဦးစီး)ပေါ်ရှိ နရန်ချောင်းကူးတံတား ချဉ်းကပ်လမ်းရေတိုက်စားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သယံဇာတရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အမှိုက်ကောက်ပွဲ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကျင်းပသော (၁၂)ကြိမ်မြောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲသိ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် စုပေါင်းအမှိုက်ကောက်ပွဲ အခမ်းအနားကို ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး ဧရာဝတီမြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့ တက်ရောက်ကြသည်။

ဆဒုံးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး  အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်၊ ခရိုင်ပြည်သူ့အားကစားကွင်း Synthetic ပြေးလမ်းဖွင့်ပွဲ တက်ရောက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူ‌ရေးကဏ္ဍ တိုးတက်မြှင့်မားလာစေရေးနှင့် ခရီးသွားလုပ်ငန်းဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၂၀ ရက် နံနက် ၈ နာရီက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဒုတ္တန်) ကျောင်းဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သစ်တောဦးစီး ဌာနမှ ကျင်းပပြုလုပ် သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးဆိုင်ရာများ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူး တံတားသစ်နှင့် ဒေသ၏ ပထမဆုံးသော ဆန်(၁၈)တန်ကျ “ဆန်း” ဆန်စက်ဖွင့်လှစ်

ပူတာအိုခရိုင်အတွင်း ကျေးလက်နေပြည်သူများဘဝ တိုးတက်မြှင့်မားစေရေး၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာ စေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၈)ရွာ၊ လူဦးရေ (၁၀၉၄၀) ဦးတို့အား အကျိုး ဖြစ်ထွန်းစေသည့် ပူတာအို-လယ်မယ်ဝါဂျီ- နန်ရှယ်ကော့-မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင် ပတ်လမ်း) (၂၅)မိုင်ပေါ်ရှိ အရှည် (၂၄၀)ပေ အကျယ် ၂၄ ပေရှိ နမ့်ပလပ် ချောင်းကူး သံကူကွန်ကရစ် တံတားသစ်ကို ဇွန် ၁၉ ရက် နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့သည်။

တနိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်း‌ကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်