ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုရဝုဏ်များအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ဝှေခါကျေးရွာအနီး လုပ်ကွက်ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရား/စေတီ ပုရဝုဏ်များအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာစုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချတရားနာအခမ်းအနားကို ဇူလိုင်(၂၉)ရက် နံနက်(၉)နာရီခွဲက ပူတာအိုမြို့မြို့မရပ်ကွက်ရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့စာတိုက်ရုံးပေါ်သို့ ညောင်ပင်သစ်ကိုင်းဆက်ကျိုးကျ၍ တာဝန်ရှိသူများမှ ခုတ်ထွင်ရှင်းလင်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယမန်နေ့နံနက် (၇)နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာတိုက်ရုံးဝင်းအတွင်းရှိ ညောင်ပင်သစ်ကိုင်းဆက် ရုံးပေါ်သို့ကျိုးကျခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ပူတာအိုမြို့နယ် မလိဒီကျေးရွာကုန်ထုတ်လမ်းတလျောက် အရိပ်ရပင်များစုပေါင်းစိုက်ပျိုး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မလိဒီကျေးရွာနေ ပြည်သူလူထုများပူးပေါင်းမှုဖြင့် ကျေးရွာကုန်ထုတ်လမ်းတစ်လျောက် အရိပ်ရပင်များစုပေါင်း စိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု မလိဒီကျေးရွာ ကုန်ထုတ်လမ်း၌ စုပေါင်းစိုက်ပျိုးကြသည်။

တနိုင်းမြို့၌ မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇေယျာသီရိဘုန်း​တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများအပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသအရင်းအမြစ်ထွက် ကုန်ကြမ်းများဖြင့် One Region One Product အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး

ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ရှင်ဗွေယန်မြို့ အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေး

ကချင်ပြည်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

မိုးကောင်းမြို့ ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေးအသင်း၏ ၃နှစ်ပြည့်နှစ်ပတ်လည် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေးအသင်း၏ ၃ နှစ်ပြည့်နှစ်ပတ်လည် သွေးလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ဒေဝကျောင်းတိုက်၌ ဇူလိုင်(၂၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်