ကချင်ပြည်နယ်

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်း၊ ပုံပြင်ပြော၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်း၊ ပုံပြင်ပြော၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ပူတာအိုခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် မွေ့လျော်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကို အောက်တိုဘာ(၁၄)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ယာယီနေရပ်စွန့်ခွာစခန်းများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာစခန်းများသို့ အသိပညာပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေများကို ယမန်နေ့နံနက်(၁၀)နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ဆုတောင်းပြည့်တာဝတိံသာစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကပူဇာမင်္ဂလာနှင့် သံဃာဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်အတွင်းရှိ ဇေယျမင်္ဂလာကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ဆုတောင်းပြည့် တာဝတိံသာ စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကပူဇာမင်္ဂလာနှင့် သံဃာဒါနဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်းရှိ တည်ထားပူဇော်တော်မူသည့် စေတီတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သဲကျောက်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ အောက်တိုဘာ ၁၃ ရက်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအားလုံးကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြသည်။

မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်နှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းနေမိသားစုများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာမိသားစုများ နေထိုင်စား သောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ ၂ နာရီ က မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး RC (၄)ထပ် အဆောက်အဦသစ် တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပြီး မြေနေရာအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၏ တရားရေးမဏ္ဍိုင်အတွက် အဓိကကျသည့် ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်စိုးရအဖွဲ့နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အသက်(၁၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံး လိဂ်ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး၊ လယ်ကုန်း(ဇီးအွန်)ရပ်ကွက်အတွင်းရှိ OMF လီဆူယာယီတိမ်းရှောင်စခန်းနေ ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့

ကချင်ပြည်နယ်အတွင်းမှ ဖူဆယ်ဘောလုံးမျိုးဆက်သစ်အားကစားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၅)နှစ်အောက် အမျိုးသား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးလိဂ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။
Subscribe to ကချင်ပြည်နယ်