ကချင်ပြည်နယ်

အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HVP) ထိုးနှံပေးနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ (စုပေါင်းရုံး) ဝန်းအတွင်းရှိ အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (ရှေ့တန်းရုံး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာများ သန့်ရှင်းသာ ယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကြီးမှူး၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တနိုင်းခရိုင်အတွင်း ပြည်သူလူထုနှင့် တွေ့ဆုံ၊ ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားတက္ကသိုလ်ဝန်ထမ်း မိသားစုများအား သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့မှ တနိုင်းခရိုင်၊ တနိုင်းမြို့သို့ ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်အသင်းပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ဗန်းမော်၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီရေးဆွဲပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီရေးဆွဲပြိုင်ပွဲကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်(၉) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့ အ.မ.က(ကောင်ကထောင်)ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ရရှိစေရန်အတွက် လစဉ် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁)နာရီက ပူတာအိုမြို့ ကောင်က ထောင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို စက်တင်ဘာ(၁၅)ရက် နံနက် (၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ ယမန်နေ့နေ့လည် (၂)နာရီတွင် Book Club အဖွဲ့ဝင်များက ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်