ကချင်ပြည်နယ်

တနိုင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဆက်လက်ရောင်းချပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တန်ဖိုးသင့်စားသောက်ကုန်များကို အောက်တိုဘာ ၃ ရက် နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ဗန်းမော်မြို့ အထက(၁)တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကို အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီ ခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာနအစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှ ဒေသတစ်ခုထွက်ကုန်တစ်ခုဖြစ်သည့် ဂရိတ်ဖရုသီးများ

မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်သည် တောတောင် သဘာဝရှုခင်းများ၊ အထင်ကရနေရာများနှင့် သဘာဝအစားအစာများ၊ ဆေးဖက်ဝင် သစ်သီးများပေါများလှပြီး ပူတာအိုဒေသ၏ပြယုဂ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဆေးဖက်ဝင်သော လူကြိုက်များသော ဂရိတ်ဖရု သီးထွက်ရှိရာ ဒေသလည်းဖြစ်ပေသည်။

မချမ်းဘောမြို့နယ်၊နမ်းခမ်းကျေးရွာတွင် နိုင်ငံ့စီးပွါးမြင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေး ဆောင်ရွက်သော တောင်သူများအတွက် ငါးဖမ်းပိုက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်းကျေးရွာတွင် ဒေသခံငါးမွေးတောင်သူများ မွေးမြူထားသော ငါးများအလေအလွင့် မရှိဖမ်းယူနိုင်ရန်ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲမှထောက်ပံ့ သောငါးဖမ်းပိုက်များပေးအပ်ပွဲအခမ်းနားကို ယနေ့နံနက်၁၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကင်းပခဲ့သည်။

ရွှေကူမြို့ အမှတ်(၂)အခြေခံညာအထက်တန်းကျောင်း၌  အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း “ပညာ့ အားမာန်” ခန်းမ၌  ယနေ့ နံနက် ၁၀ နာရီခွဲခန့်က အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာ‌ပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာ ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်းရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေး‌နွေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်း ရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေး‌နွေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုဆုများ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကို မြို့နယ်အသီးသီးမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ ၁၄၆ ဦးတို့က ပြိုင်ပွဲအမျိုး အစားအလိုက် (၃)ရက် ကြာ ကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ‌အောက်တိုဘာ ၁ ရက်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပူတာအိုလွင်ပြင်ပတ်လမ်းတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်သည့် လမ်းပိုင်းအားကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုမည့် ပူတာအိုလွင်ပြင်ပတ်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သမဝါ ယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေ းနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်သည့် လုပ်ငန်းများကို အောက်တိုဘာ(၂)ရက် နံနက်ပိုင်းက ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်နှင့်တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးသည်။
Subscribe to ကချင်ပြည်နယ်