ကချင်ပြည်နယ်

သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၅၀၀) မီးမျှောပူဇော်ပွဲ ကျင်းပမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရား၏ အင်းရေပြင်၌ သီတင်းကျွတ် လပြည့်ညတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်းပူ‌ဇော်ပွဲ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်း ပူ‌ဇော်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟို (မြို့မ) ကျောင်းတိုက်၌ လှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ ကျောင်းဆောင်သစ်တည်ဆောက်ရေး ပထမအကြိမ်မြောက် မတည်အလှူငွေပေးအပ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ သာသနာ့ရက္ခိတ ကျောင်းတိုက်ဝင်အတွင်း အသစ်တည်ဆောက်သွားမည့် “အာသောက” ကျောင်းဆောင်သစ် တည်ဆောက်လှူဒါန်းနိုင်ရေး ပထမအကြိမ်မြောက် မတည်အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတိုက်ဝင်းအတွင်းရှိ ယာယီမဏ္ဍာပ် တွင် ကျင်းပပြုခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ပညာတန်ဆောင်စာပေ ပြိုင်ပွဲ ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက‌ အောင်မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဥ်နှင့်ဆုတံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဟူသောအချက်နှင့်အညီ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံလူငယ်များအား

ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလားအခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့ရှိ  သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် (စွန့်ဦးတီထွင်) လုပ်ငန်း

နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကွန်ပေါင်းဓာတ်မြေသြဇာ တင်သွင်းခွင့်ရရှိနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာများ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ပြည်သူ့ဆေးရုံကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံတပ်မတော်သားများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ သန့်ရှင်းသပ်ရပ်သော မြို့ပြများပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ရန်ဇာရှီး (ခေါ်) ဆူးကပ်သီးများလှိုင်လှိုင်ထွက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ရန်ဇာရှီး (ခေါ်) ဆူးကပ်သီးများ လှိုင်လှိုင်ထွက်ရှိပြီဖြစ်ပြီး မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကောက်ယူရောင်းချသူများရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်