ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သောင်ဦးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရမထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲသဘင်အခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အရှေ့လယ်ကုန်းရပ်ကွက်အတွင်းရှိ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်ကြီး သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၆)ဝါ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇော်ပွဲသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ကြည်ညိုပူဇော်ကြသည်။