ကချင်ပြည်နယ်

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၁၀၃နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့တွင် ကျရောက် မည့် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ (၄၄)ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၄၄) ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မ ပါလစာမေးပွဲကို မြို့နယ်သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ဒီဇင်ဘာ (၄)ရက်မှ (၇)ရက်အထိ မွန်းလွဲ(၁၂)နာရီခွဲမှ စတင်ကာ ဉတ္တရာရာမကျောင်းတိုက်၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက် မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်

ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး အတွက် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပညာရေးမှူးနှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်/ မြို့နယ် ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွှေကူမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကျင်းပ

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က ကာမိုင်းကျောင်းနှင့် အ.ထ.က (ခွဲ) မြို့မ-၂ ကျောင်းတို့တွင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်​နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ရပ်ကွက်(၂)ရှိ မြို့နယ်ပညာရေးမှူးရုံးအတွင်း အောင်မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။

ခေါင်လန်ဖူးမြို့၌ ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် လူငယ်မိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီး မှူး၍ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် ရဝမ်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဝမ်အမျိုး သားနေ့အထိမ်းအမှတ် လူငယ်များမိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့အားကစားကွင်း၌ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားအကျဉ်းထောင်အတွင်း ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပြုလုပ်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/ အကျဉ်းသူများအတွက် ရိုးရာကောက် သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက အကျဉ်းထောင်အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲ ဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မဟာတိလောကာရာမစာသင်တိုက်၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို ယနေ့ မွန်းတည့်(၁၂)နာရီတွင် ကျင်းပသည်။

မိုးကောင်းမြို့ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်၌ အဘိဓမ္မာ(၇)ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်

အနန္တောအန္တငါးပါကိုဦးထိပ်ထားလျက် အဘိဓမ္မာဒေသနာတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ ပါစေခြင်းအကျိုးငှာ သာသနာတော်မြတ်ကြီး အစဉ်တည်တံခိုင်မြဲစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ အထက်ရှမ်းစုကျေးရွာ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်၌ ဒသမအကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်