ကချင်ပြည်နယ်

မိုးကောင်းမြို့ ပင့်သာကျေးရွာ၌ (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဆားမှော်နယ်မြေမီးသတ်စခန်းနှင့် (၈)မိုင်ခန့်အကွာရှိ ပင့်သာကျေးရွာအုပ်စု ပင့်သာကျေးရွာ၌ ဇန်နဝါရီ(၁၆)ရက် ညနေ(၃)နာရီခွဲခန့် တွင် (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းအပ်နှံပွဲ သို့တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဆောင်ရွက်သည့် နှစ်ပတ်လည်မဂ္ဂဇင်းအောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည့်အတွက် နှစ်ပတ်လည်မဂ္ဂဇင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့ ရဝမ်အမျိုးသားဥယျာဉ်၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝါးများကို မူလအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချလျှင် ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် ဒေသထွက်ဝါးများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လက်မှုအနုပညာပစ္စည်းများကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေရန်နှင့် ဆင်းရဲမှုလျော့ချရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ဖွင့်လှစ်သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၁၇)ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။

ဟိုပင်မြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းတွင် ယခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

မံစီမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာမူလတန်းလွန်ကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တောင်တန်းသာသနာပြုကျောင်း၌ ဇန်နဝါရီ ၁၇ နံနက် ၀၉:၃၀ နာရီကကျင်းပခဲ့သည်။   

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်းဆင်းပွဲနှင့် ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက် phpMyAdmin Application Software အသုံးပြုကာ ရုံးတွင်းမှတ်တမ်းများကို Database ပြုလုပ်၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၉ နာရီက အဆိုပါရုံး မဂျွယ်ဂင်တောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးတွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်အား ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားသည်။

ပူတာအိုမြို့ အ.လ.ကခွဲ(လယ်မယ်ဝါချီ)ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ပြင်ပဗဟုသုတရရှိစေရန်နှင့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်အတွက် ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၁၅)ရက် မွန်းလွှဲ(၂)နာရီက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု လယ်မယ်ဝါချီကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်သည်။

တနိုင်းမြို့၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် အဓွန့်ရှည်ရေးအတွက်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားကိုးကွယ်သည့် စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအားဖျက်ဆီး၍ သာသနာတော်ညိုးနွမ်းအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့်သာသနာဖျက်များအား ကန့်ကွက် ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၈ ရက် နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်