ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆေးပဒေသာပင် အလှူငွေများ မတည်လှူဒါန်း၊ အောင်ပွဲရ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ဆုရအားကစား သမားများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားလစာထုတ်ယူချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ခရိုင်/ မြို့နယ်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီ အစဉ်များကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆေးပဒေ သာပင်အဖြစ် အလှူငွေများ မတည်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးကောင်းမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က(၁)ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.ထ.က(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ(၁၈)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

ဗန်းမော်မြို့အ.ထ.က(၆)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက်(၉)နာရီခွဲခန့်က အ.ထ.က(၆) အလံတိုင်ရှေ့ မြက်ခင်းပြင်မဏ္ဍပ်တွင် ကျင်းပကြောင်းသိရသည်။

အ.ထ.က-မိုးမောက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

အ.ထ.က-မိုးမောက်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိုးမောက်မြို့နယ် ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသားလူငယ်များ လမ်းမှားမလျှောက်မိစေရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်​ဆေးရောင်ခြယ်ပြိုင်ပွဲ ချီဖွေမြို့နယ်၌ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ  အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ပြည်သူ့စာကြည့်တိုက်သို့ စာပေများဖတ်ရှု့၍ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီခွဲတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း(ပူတာအို)တို့ ပူးပေါင်းမှုဖြင့် လူငယ်များနုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်စွမ်းအားမြှင့်မားလာစေရန်နှင့် လူအများရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ဇန်နဝါရီ(၁၈)ရက် မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ပြည်နယ်ကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

မိုးညှင်းမြို့၌ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရုံးဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ရွာသစ်ကုန်းရပ်ကွက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်တက္ကသိုလ် တည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် သုတေသနပိုစတာပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်တက္ကသိုလ်တည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် သုတေသနပိုစတာပြပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်