ကချင်ပြည်နယ်

ပန်ဝါမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံ စီတန်းလှည့်လည်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဒေသခံပြည်သူများ ဆောင်ရွက်ခဲ့ကြသည်။

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာရေးဆရာကြည်ရွှန်းရေးသားသည့် အချိန်စီမံခန့်ခွဲမှုပညာစာအုပ်ဖြင့် မတ်လ(၁)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။

မချမ်းဘောမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဥ် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၏ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးမိုးမင်းသိန်း တက်ရောက်ခဲ့ပါသည်။

ပူတာအိုခရိုင်၌ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်း ဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ကုမ္ပဏီ/လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံဥပဒေ အရ ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီတွင် အတည်ပြုမိန့်လျှောက်ထားနိုင်မှုကို သိရှိစေရန်၊ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ လိုက်နာရမည့်တာဝန်များကို သိရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်၌ ယခုနှစ်အတွင်း ဆီထွက်သီးနှံ မြေပဲ (၉၀၂၆)ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို (၉၀၆၂)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား) နှင့် ပူးပေါင်းဆောင်ရွက်မည့် စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီက အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့သည်။

မိုးညှင်းမြို့၌ လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အုပ်ကျင်းရပ်ကွက် အောင်ချမ်းသာရပ်တွင် ယနေ့ နံနက် (၄)နာရီ (၄၅)မိနစ်ခန့်က လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပွဲကို ခရိုင်စိုက်ပျိုးပညာပေးရေးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွှဲ ၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ချီဖွေမြို့ပေါ်ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ဒေသခံပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများထိ နယ်မြေအရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကရစ်လော်ရပ်ကွက် (IDPs) စခန်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်