ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ရေဘေးသင့်ပြည်သူများအား ‌ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၈ နာရီက ဝိုင်းမော် မြို့နယ်အတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုးညှင်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်သရဖူခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့၌ “အနာဂတ်လူငယ်နှင့်အနာဂတ်တိုင်းပြည်” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက် Light For All Nations Ministry ကျမ်းစာသင်တန်းကျောင်းရှိ သင်တန်းခန်းမ၌ “အနာဂတ်လူငယ်နှင့် အနာဂတ်တိုင်းပြည်” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဥ်ပြိုင် အောင်မြင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဥ်ပြိုင် အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၀ ရက် နံနက် (၉) နာရီခွဲက မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသောနေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသောကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်များတွင် ကျန်ရှိနေသော နုန်းမြေများ၊ အမှိုက်များ၊ ရွံ့စေးများကို ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် ၈ နာရီခွဲတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရေဘေးသင့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်အပ်နှင်းပွဲသို့တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇွန် ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် စံချိန်တင် မြစ်ရေကြီးမြှင့်ခဲ့မှုအပေါ် ရေလွှမ်းမိုးခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် နောင်တာလောရေလယ်ကျွန်း အခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့နံနက် ၇ နာရီခွဲက ကမ်းနားလမ်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးညှင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများကို ဇူလိုင် (၁၀)ရက် နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နမ်ခမ်ကျောင်း၌ကျင်းပခဲ့သည်။

မိုးညှင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရေဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်‌ရေးဆိုင်ရာလုပ်ငန်းများ ဆောလျင်စွာစနစ်တကျ စီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စံချိန်တင်ကြီးမြင့်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့နယ်များတွင် ရေကြီး/ ရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီကယ်ဆယ်စောင့်ရှောက်ပေးလျက်ရှိရာ ရေဘေး သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဒေသခံအလှူရှင်များက  ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ငွေသားနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်