နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးနှင့် ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၀ ရက်နေ့ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့ သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော လေးခန်းတွဲ၊ လေးထပ်အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။