နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ ကွင်းအမှတ်(၁၈၇၈)၊ တောင်သူ ဦးအောင်သောင်း၏ လယ်မြေတွင် ဆောင်းသီးနှံ မြေပဲစိုက်ပျိုးထားရှိမှုနှင့် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးရန် မြေပြုပြင်နေမှုအားလည်းကောင်း၊ မင်းကုန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ကွင်းအမှတ်(၁၈၈၁)၊ တောင်သူ ဦးကျော်နိုင်ဦး၏ လယ်မြေတွင် နွေစပါးစိုက်ပျိုးရန် မြေပြုပြင်နေမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီးရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေများ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အချိန်ကိုက်ဖြစ်စေရေးတို့ကို မှာကြားခဲ့သည်။