ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့၊ နေ့လည်(၁)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက် လှူဒါန်းခဲ့ကြသည်။