စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။