သုံးခွမြို့နယ်အောင်မြေ လောကသွန်းဘုရားကြီး၀င်းအတွင်း ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အောင်မြေလောက သွန်းဘုရားကြီး ဂေါပကအဖွဲ့၀င်များ ပူးပေါင်း၍ အောင်မြေလောက သွန်းဘုရားကြီး၀င်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။