မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးအသိပညာ ခြင်းနှင့်အင်ဖက်၊ ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေပေးခြင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေးခြင်းနှင့် အင်ဖက်၊ ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီကမင်းလှမြို့ ဇေယျာသီရိစျေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။