သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ
တာချီလိတ်
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရား စေတီတော်ကြီး၌ ဆီမီး ၁၀၀၀ ကို စစ်ဗျူဟာအခြေချ ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသနေတိုင်းရင်းသားပြည်သူများ၊ ရပ်နီးရပ်ဝေး ခရီးသွားဧည့် သည်များက စုပေါင်းကုသိုလ်ယူ ထွန်းညှိပူဇော်ခဲ့ကြသည်။
အေးအေးလတ်