ထန်တလန်မြို့၌ ပြည်သူများ သောက်သုံးရေ ပိုမိုရရှိနိုင်ရေးအတွက် ရေပိုက်လိုင်းအသစ် တူးဖော်
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဗန်ဇအုပ် နှင့် ဝန်ထမ်းများသည် ပြည်သူများ သောက်သုံးရေ လွယ်ကူစွာ ပိုမိုရရှိနိုင်ရေးနှင့် ပြတ်လပ်မှု မရှိစေရေး အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေပိုက်လိုင်းအသစ်တူးဖော်ခြင်း၊ ပိုက်ဆက်လုပ်ငန်း၊ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။