ဝေးလံခေါင်ဖျားဒေသသတင်းများ

ရိခေါ်ဒါရ်မြို့၌ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းတစ်ဦး အသတ်ခံရ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းတစ်ဦးအား နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ခေါင်းဖြတ်သတ်ခံရကြောင်း သိရသည်။

နမ္မတီး-တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းရှိ တဝမ်ချောင်း ချဉ်းကပ်လမ်းနှင့်တံတား အသစ်ဖောက်လုပ်ပြီးစီး၍ သွားလာနိုင်ပြီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နမ္မတီး - တနိုင်း - ရှင်ဗွေယန်လမ်းပိုင်းရှိ တဝမ်ချောင်းချဉ်းကပ်လမ်းနှင့် တံတားအသစ်အား ဖောက်လုပ်ပြီးစီးပြီဖြစ်၍ အဆိုပါ လမ်းနှင့်တံတား အသစ်တွင် ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၄) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေး

မင်တပ်မြို့နယ်အတွင်းရှိ မဲရုံ (၁၁၆) ရုံအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှပေးပို့လှူဒါန်းသော ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ခွဲဝေထုတ်ပေးခြင်းကို ယနေ ့နံနက် (၉) နာရီအချိန်တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထန်တလန်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံများပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မဲရုံများ ပြင်ဆင်ထားရှိမှု တို့အား ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့နယ်ရှိ သဘာဝဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချီဖွေ၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြစ်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်အတွင်းစီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း စံပြကွက် ရိတ်သိမ်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ရွှေရင်အေး စပါးအား စိုက်ပျိုးရေး ဦးစီး ဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ နိုဝင်ဘာလ(၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးပေး

မင်းတပ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေးအတွက် အောက်တိုဘာလ (၁၀)ရက်နေ့မှစ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့်ကျန်းမာရေး စစ်ဆေးပြီး မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက် ဖြတ်သန်းခွင့် ပြုလျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ၏ ကြိုတင်ဆန္ဒမဲများအား အများရှေ့မှောက်တွင် ချိတ်ပိတ်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့နယ်တွင် ပြည်တွင်းရှိသက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲများအား အများရှေ့မှောက်တွင ်ချိတ်ပိတ်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ