မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ မဲပေးပိုင်ခွင့်ရှိသူများအား မဲဆန္ဒရှင်သက်သေခံကတ်ပြားများ အိမ်တိုင် ရာရောက် လိုက်လံဖြန့်ဝေ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နေ့တွင် မဲပေးပိုင်ခွင့်ရှိသူများ စနစ်တကျမဲပေးနိုင်ရေးနှင့် မဲပေပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရနိုင်ရေးအတွက် နားခါရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများအား အိမ်တိုင်ရာရောက် သွားရောက်၍ မဲဆန္ဒရှင်သက်သေခံ ကတ်ပြားများ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။