ဝေးလံခေါင်ဖျားဒေသသတင်းများ

ခိုင်ကမ်းမြို့၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများသို့ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိအမှတ်(၁၊၂၊၃၊၄)ရပ်ကွက်တို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို ယနေ့ မွန်းလွဲ (၁၂)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့အဆင့် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲတို့ကမိဘပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရှိရသည်။

ကလေးမြို့မှ တက်လာသည့် ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်းတစ်ဦး၌ ကိုဗစ်-၁၉ရောဂါတွေ့ရှိ

ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်းနှစ်ဦးအား နိုဝင်ဘာ ၉ ရက် ညနေက ဖလမ်းမြို့ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဂိတ်၌ စစ်ဆေးရာမှ ကုမ္ပဏီဝန်ထမ်း တစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူးထံမှ သိရသည်။

ဟားခါး၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၀၂)စုတို့အား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှစတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

မတူပီ၌ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနအဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၊ ခရိုင်အား ကစားနှင့် ကာယပညာဦးစီးဌာနရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီက မတူပီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးရှေ့၌ ကျင်းပကြောင်း သိရသည်။

ပန်နန်းဒင်မြို့အဝင် နမ့်တမိုင်လူကူးကြိုးတံတားသစ် (၉၅)ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၊ မြို့အဝင်ရှိ နမ့်တမိုင်ချောင်း လူကူးကြိုးတံတားမှာ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ စက်တင်ဘာ(၂၃)ရက် ညတွင် မျောပါပျက်စီးသွားခဲ့သည်။

ဖားဆောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း  စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။

ရေဇွာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင် ရွက်ခဲ့ကြသည်။

မတူပီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထ အကြိမ် မြောက်ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့မှ စတင်၍ အိမ်တိုင်ရာအရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။

မံစီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂ဝ၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်သည့်ငွေများကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ