ဝေးလံခေါင်ဖျားဒေသသတင်းများ

ခိုင်ကမ်း၌ နေရပ်ပြန်လည်‌ ရောက်ရှိလာသူအား အသွားအလာကန့်သတ်မှု ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မလေးရှားနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ရန်ကုန်မြို့ မှတဆင့် ခိုင်ကမ်းမြို့သို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ပြန်လည်‌ရောက်ရှိလာသည့် အသက်(၂၄)နှစ်အရွယ်၊ ခိုင်ကမ်းမြို့ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားအား စည်ပင်ဈေး CBFQတွင် (၇)ရက် ထပ်မံအသွားအလာကန့်သတ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစားများ ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက လွယ်ဘွာလ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ရွာသစ်မြို့ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် လက်၀ယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ဝေးလံခေါင်ဖျားဒေသ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်မှ စတုတ္ထ အကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ကျေးရွာများသို့ လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ ရွေးကောက်ပွဲကာလအတွင်း မဲရုံအသီးသီးတွင် လုံခြုံရေးတာ၀န် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့၀င်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလ မဲရုံအသီးသီးတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့၀င်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဟိုပင်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၄၉၀၄ စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား Stay at home ကာလအတွင်း စတုတ္ထ အကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်မွန်မြို့နယ်၌ ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်သည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲ (၂၅) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီခန့်က လုံမောင်ခန်းမ၌ ကျင်းပခဲ့သည်။

ကန်ပိုက်တီမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ခေါင်လန်ဖူး၌အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ‌အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေး တာဝန်ဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခေါင်လန်ဖူးမြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

မင်းတပ်မြို့တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT စနစ်ဖြင့် နေ့စဉ်စစ်ဆေးခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့၊ ပလက်ဝမြို့နှင့် ဆမီးမြို့များသို့ သွားရောက်မည့် ကုန်တင်ကားများ၏ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်းပန်းခြံ၌ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေး ဆောင်ရွက် ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အထူးရဲများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ