ဝေးလံခေါင်ဖျားဒေသသတင်းများ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သုံးသိန်းလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက လက်ခံခဲ့ကြကြောင်း သိရှိရသည်။

ပူတာအိုမြို့နယ်၌ Cash For Work စီမံကိန်း ကျေးရွာ ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ကျေးလက် နေပြည်သူများ၊ ဆင်းရဲနွမ်းပါး သော အိမ်ထောင်စုများ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများသော ကျေးရွာများ တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ကျေးရွာရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်ရောဂါ ရှိ မရှိ နေ့စဉ် စစ်ဆေးလျက်ရှိရာ ယနေ့ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို ဆေးစစ်ရာမှကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည် ပစ္စည်းများ ပို့ဆောင်မောင်းနှင်သည့် ယာဉ်​​နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

မန်ကန်မြို့၌ အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်ဆင်ပါက အခုဝယ်အခုတပ်စနစ်ဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင်၊ မန်ကန်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများအား Stay at Home ကာလအတွင်း မဖြစ်မနေအပြင်ထွက်ရမည် ဆိုပါက နှာခေါင်းစည်းတပ်ဆင်သွားလာရေးအသိပညာပေးနိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

(၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနား ဒီးမော့ဆိုတွင် ကျင်းပ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

တီးတိန်၌ Physical Fitness Dance အွန်လိုင်းမှ တစ်ဦးချင်းပြိုင်ပွဲဝင်ရန် စတင်လေ့ကျင့်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန (နေပြည်တော်)၏ ကြီးမှူးပြုလုပ်သည့် Physical Fitness Dance အွန်လိုင်းမှ မြို့နယ်အလိုက် တစ်ဦးချင်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ တီးတိန်မြို့နယ်မှ ပြိုင်ပွဲဝင်ရောက်မည့် သူများအား ယမန့်နေမှ စတင်၍ လေ့ကျင့် နေကြကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယမန်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅၁ ဦး ဆေးစစ်သည့်အနက် ကလေးမှ တီးတိန်သို့ ကုန်စုံပစ္စည်းများပို့ဆောင် မောင်းနှင်မည့် ယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ချွန်ကျုံး ကျေးရွာနှင့် ကျင်ခွါးကျေးရွာတို့တွင် ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ချီဖွေမြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ချီဖွေမြို့နယ် မြို့မရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ