မက်မန်းမြို့နယ်၌ စံကွက်စပါးခင်းရိတ်သိမ်းခြင်းနှင့် ခြွေလှေ့ခြင်းဆောင်ရွက် Read more about မက်မန်းမြို့နယ်၌ စံကွက်စပါးခင်းရိတ်သိမ်းခြင်းနှင့် ခြွေလှေ့ခြင်းဆောင်ရွက် မက်မန်း နိုဝင်ဘာ ၁၉
ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက် Read more about ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် တာဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ ဝင်များပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်ခန့်က လွတ်လပ်ရေးကျောက်တိုင်အနီး ပြည်ထောင်စု လမ်းမ၌ နှာခေါင်းစည်း MASK(၁၅၀၀)အား အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့၌ လူထုကျန်းမာရေးလုပ်သား အခြေခံသင်တန်းဖွင့်လှစ် Read more about ထန်တလန်မြို့၌ လူထုကျန်းမာရေးလုပ်သား အခြေခံသင်တန်းဖွင့်လှစ် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ Save The Children နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီနိုင်ရေးအတွက် လူထုကျန်းမာရေး လုပ်သားအခြေခံ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်က စတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပို့ချသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ Read more about မယ်စဲ့မြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြို လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
မိုင်းခတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၄၄) စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ် Read more about မိုင်းခတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၄၄) စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုဝင်ဘာ၁၈နေ့မှ စတင်၍မြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အားစတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရိခေါ်ဒါရ်၌နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာ စောင့်ကြည့်ထားရှိ Read more about ရိခေါ်ဒါရ်၌နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာ စောင့်ကြည့်ထားရှိ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ် Read more about ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက သက်ဆိုင်ရာ အိမ်ထောင်စုများ အလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ် Read more about လွိုင်ကော်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ် ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမဝါယမဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများ သက်သာ ချောင်ချိစေ ရေး အတွက် ဆန် နှင့် ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
ပန်နန်းဒင်မြို့၌ Online ပေါ်မှ စာအုပ်များ ဖတ်ပြခြင်းပြုလုပ် Read more about ပန်နန်းဒင်မြို့၌ Online ပေါ်မှ စာအုပ်များ ဖတ်ပြခြင်းပြုလုပ် ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Online ပေါ်မှ စာအုပ်ဖတ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် Read more about ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ မြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။