ဝေးလံခေါင်ဖျားဒေသသတင်းများ

ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာ လှပရေးနှင့်စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့နည်း စေရန်ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး စုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပန်ခရိုင်ရုံး အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာရယူ စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယမန်နေ့ ညနေ ၃ နာရီခွဲက ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်၌ တို့ပတ်ဓာတ်ခွဲနမူနာရယူ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေးစီမံချက် Mask Campaign ကို ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စတင်ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းယုမြို့၌ Facility Quarantine ခံယူနေသူ (၁၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ်တို့ကို နမူနာ ရယူစစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကော်မတီအဖွဲ့တို့သည် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine ခံယူနေသူ အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၆)ဦးတို့ထံမှ ယနေ့နံနက် ၆ နာရီက နှာခေါင်းနှင့် အာခေါင်တို့ပတ်တို့ကို နမူနာရယူစစ်ဆေးခဲ့ကြသည်။

ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်အမျိုးသမီး(၂)ဦး ထပ်မံဝင်ရောက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က နေရပ်ပြန် အမျိုးသမီး ( ၂ ) ဦး ကျီခါးမြို့သို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၃၂)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၅) နာရီအချိန်က နေရပ်ပြန်ပြည်သူ (၃၂)ဦးအား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

ခိုင်ကမ်းမြို့ ရပ်ကွက်များတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များဝေငှပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရှိအမှတ်(၁၊ ၂၊ ၃၊ ၄)ရပ်ကွက် များတွင် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ ဝေငှပေးခဲ့ ကြောင်းသိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိလူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၇)နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ