မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign လုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်က မတူပီမြို့စည်ပင်စျေးနှင့် စန်ဘောင်လမ်းဆုံတို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။