ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်း ပြုပြင်မွမ်းမံပြီးစီး၍ မြို့အားကစားနှင့် ကာယပညာ ကော်မတီသို့ အပ်နှံခြင်း အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်းအား ပြုပြင်မွမ်းမံပြီးစီး၍ ထိန်းသိမ်း စောင့်ရှောက် ပေးနိုင်ပါရန်အတွက် မြို့အားကစားနှင့် ကာယပညာ ကော်မတီသို့ အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။