ကန်ပက်လက်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းများဆိုင်ရာ အစည်းအဝေးပြုလုပ်
မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့နယ်အတွင်းရှိ ပြည်ထောင်စု၊ ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်း အစည်းအဝေးကို ကန်ပက်လက်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။