ဝေးလံခေါင်ဖျားဒေသသတင်းများ

မတူပီမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်ရေး ဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါ သင်တန်းကျောင်းအတွင်း၌ ပြုလုပ်သည်။

ရွာသစ်မြို့၌ ခေါက်လမ် (ခေါ်) ရာသီပေါ် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြု

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ဒေသခံပြည်သူတစ်ချို့က ရာသီပေါ်ချိန် ကောက် ညှင်း ကျည်တောက်ပြုလုပ်ရောင်းချ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် ထပ်ဆင့် ရှင်းလင်းခြင်း တွန်းဇံမြို့၌ ကျင်းပ

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် ထပ်ဆင့်ရှင်းလင်းခြင်း ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၂၂)ဦးတို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပညာပေးနှိုးဆော်

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၌ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ဖလမ်းမြို့နယ် မီးသတ်စခန်း သန္ဓေတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့၊ တလန်လို ရပ်ကွက်များ၌ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖလမ်းမြို့နယ် ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဖလမ်းမြို့နယ် အတွင်း ကျေးရွာများ၌ ဖလမ်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် လူကုန်ကူးမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် လူကုန်ကူးမှု မှုခင်းဆိုင်ရာ၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ယမန်နေ့က ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းတပ်ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁/၂၀၂၁ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁/၂၀၂၁ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ခိုင်ကမ်းမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေး သားဆက်ခြားဆိုင်ရာပညာပေးခြင်းဆောင်ရွက်

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေး သားဆက်ခြားနည်းဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်သည့် အရည်အသွေးမြှင့် ဝန်ဆောင်မှုလုပ်ငန်းကို မြို့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ