ဝေးလံခေါင်ဖျားဒေသသတင်းများ

ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဗူးများ လှူဒါန်း

ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာ ကျောင်းများ၊ မြို့ဝင် ပူးပေါင်း စစ်ဆေးရေးဂိတ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရှိခိုး ကျောင်းများသို့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများနှင့် လက်သန့်ဆေး ရည်ဗူးများ လိုက်လံလှူဒါန်းခြင်းကို ယနေ့က ဆောင်ရွက် ပေးခဲ့သည်။

မံစီမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ စတင်ရွေးချယ် ဖွဲ့စည်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေး အဖွဲ့များကို ယနေ့ နံနက် ၁၀ နာရီက စတင်ရွေးချယ် ဖွဲ့စည်းလျက်ရှိရာ မောရဝတီရပ်ကွက်နှင့် နမ့်မဖွဲကျေးရွာ အုပ်စုတို့တွင် ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၁၃)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁၃)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ခိုင်ကမ်းမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းများ ဆောင်ရွက်

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပေး ရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းများကို ရပ်ကွက်များအလိုက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ကျပ် ၁၀ သန်းအောက် တင်ဒါအောင်မြင်သည့် လုပ်ငန်းများ စတင်ဆောင်ရွက်

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ် ၁၀ သန်းအောက် လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပန်ဝါမြို့ရှိ နှင်းခဲသည့်ရေခဲချောင်း၌ လာရောက်လည်ပတ်သူများပြား

ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ပန်ဝါမြို့၌ ဆောင်းတွင်းကာလ၌ ရေခဲခြင်း၊ နှင်းမိုးရွာသွန်းခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် အထင်ကရ မြို့အဖြစ် တည်ရှိနေသည့် ပန်ဝါမြို့ အမှတ်သုံး နယ်စပ်မှတ်တိုင် အနီးရှိ ရေခဲချောင်း၌ လာရောက်အပန်းဖြေသူ များပြားလျက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား စုပေါင်း၍ အဟာရမုန့်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းသည် ဇန်နဝါရီလ(၂၂)ရက် ညနေပိုင်းအချိန်တွင် မသန်စွမ်းသူနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား အဟာရမုန့်နှင့် အလှူငွေ ကူညီထောက်ပံ့ လှူဒါန်းကြောင်း သိရသည်။

ပန်နန်းဒင်-တဟွန်းဒမ်း လမ်းပိုင်း(၆၃) မိုင် မြေသားလမ်းဖောက်လုပ်

နယ်စပ်ရေးရာဝန်ကြီးဌာနသည် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုး တိုးတက်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်သည့် ခါကာဘိုရာဇီဒေသပန်နန်းဒင်မြို့အတွင်း နယ်မြေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးအတွက် (ပန်နန်းဒင်-တဟွန်ဒမ်း) လမ်းပိုင်း(၆၃) မိုင် မြေသားလမ်းကိုဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် လူနေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွား

ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် ယနေ့နံနက် ၂ နာရီ ခွဲခန့်က လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့် အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာရေး များမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ