ရန်ကုန်တိုင်းဒေသကြီး ဒဂုံရိပ်သာဈေး၌ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးပိုစတာကပ်ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံရိပ်သာဈေး၌ ကိုရိုနာဗိုင်းရပ်စ်အသိပညာပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်၊ လက်အိတ်နှင့် နှာခေါင်းစည်း ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေပြည် ဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူ များ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။