ဝေးလံခေါင်ဖျားဒေသသတင်းများ

မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု တောင်ငူမြို့၌ ဖြစ်ပွား

တောင်ငူမြို့နယ်၊ (၁၉) ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေးရှိ ဆည်းဆာပရိဘောဂဆိုင်၌ ယနေ့ နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းစံ ဖေဖော်ဝါရီ ၂၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိုင်းစံကျးရွာအုပ်စု ဝမ်လီကျးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ကြီးမှူး၍ Corona virus Disease 2019(COVID-19) လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၄:၀၀) နာရီ အချိန်က လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်အိအိသွယ်က အမှာစကား ပြောကြားခြင်း၊ မြို့နယ် ကျန်းမာရေးမှူး ဒေါ်ထွန်းမေ က ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် အမျိုးသမီးကော်မတီမှအသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေးနှင့်အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီက မြစ်သားမြို့နယ် လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းတို့က အမှာစကား ပြောကြား ခဲ့သည်။

ဖြူးမြို့နယ်တွင် ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးစီမံချက် မြို့နယ်အဆင့် လုပ်ငန်း အသိပေးရှင်းလင်းပွဲကျင်းပ

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးစီမံချက် မြို့နယ်အဆင့်လုပ်ငန်းအသိပေးရှင်းလင်းပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

ကော့မှူးမြို့နယ် တကူပုံကျေးရွာ၌ အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ‌ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်‌မွေးဝမ်း‌‌ကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တကူပုံကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ သည်။

Coronavirus 2019 (COVID-19) ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ လူစည်ကားရာနေများတွင် လိုက်လံဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Coronavirus 2019 (COVID-19) ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများတွင် လိုက်လံဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့ ဟွာမှုန်အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာ‌ပေးနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ရုတ်တရက် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စနစ်တကျ မီးငြှိမ်းသတ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အမှတ် ၄ ရပ်ကွက်ရှိ ဟွာမှုန် အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ရွှေဘိုခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိစေရန် အသိပညာပေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စီးပွားရေးလုပ်ငန်းရှင်းများ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိစေရန် အသိပညာပေးဆောင်ရွက်မှုများကို ယခု ရက်သတ္တပတ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ