ဝေးလံခေါင်ဖျားဒေသသတင်းများ

အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ကိုယ်ပိုင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲ၂နာရီက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ကနီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ကနီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​သည်။

တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် ပဒေသာဈေး၌ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလောအသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက်ရှိ ပဒေသာဈေးတာဝန်ခံရုံး၌ ပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၀)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက ရေပေါက်ကျေးရွာအုပ်စု၊ သိမ်းကုန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မန္တလေးတိုင်း ဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂နာရီ၊ မိနစ် ၃၀ က အမှတ်(၅) ရပ်ကွက်၊ အင်ကြင်း ကမ္ဘာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနားကျင်းပ

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအားလူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ဘဲလင်းကျေးရွာရှိ အထပ်သားစက်ရုံမီးလောင်မှုဖြစ်ပွား

ယနေ့ မွန်းလွဲ ၁ နာရီ ၇ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ဘဲလင်းကျေးရွာ အထပ်သားစက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ကျောက်ဆည်မြို့နယ် မီးသတ် စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ ဘဲလင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ အမရပူရမြို့နယ်မီးသတ်စခန်း၊ ပြည်ကြီးတံခွန် မြို့နယ်မီးသတ်စခန်းနှင့် ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၁၀) စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိန်စ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးလုံးဆိုင်ရာ ဓမ္မစကူးလ်အလုပ်အမှုဆောင်ကော်မတီ၏ စတုတ္ထအကြိမ်(၄)လပတ် အစည်းအဝေးကျင်းပ

ဓမ္မစကူးလ်ကျောင်းများ ရည်ရှည်တည်တံ့ခိုင်မြဲရေးနှင့် မြို့နယ်အသီးသီးမှ ဓမ္မစကူးလ်နှင့်ပတ်သက်သော အောင်မြင်မှုရလဒ်များအတွက် တိုင်းဒေသကြီးလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက်(၄)လ ပတ်အစည်းအဝေးကို ဖောင်းပြင်မြို့နယ် ရွှေညောင်ပင် ကျေးရွာရှိ ရွှေပုဂံကျောင်းတိုက်၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ဖြူးမြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းများဖွင့်လှစ်

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၆)နည်းဖြင့် မတ်လ(၁၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ မြို့နယ်အားကစား ကွင်း အတွင်းသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်အိတ်အလုံး ၃၀၀ လာရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးတေဇနိယ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမများ ၊ ကျောင်း သား/ကျောင်းသူများနှင့် ဝေယျာဝစ္စ ကူညီဆောင်ရွက်ပေးကြသူများ အတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ထိုင်ဝမ်နိုင်ငံသား မစ္စတာကော (ပြည့်ပြည့်ဝဝကုမ္ပဏီ)မိသားစုက ဆန်အိတ် အလုံး ၃၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါ ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမကြီး ဒေါ်ခိုင်အေး ထံမှ သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ