ဝေးလံခေါင်ဖျားဒေသသတင်းများ

ကျွန်းလှတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၆၅၀)ဆဋ္ဌမအကြိမ် ထုတ်‌ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်းကျေးရွာများသို့ ပြင်ပစာရင်းစစ်မှ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အီတလီချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း၊ စတုတ္ထနှစ်စက်ဝန်း) ကျေးရွာများဖြစ်သော သီးကုန်းကျေးရွာနှင့် တောင်ဘို့ကြီးကျေးရွာသို့ ပြင်ပစာရင်းစစ် BOD Cambodia အဖွဲ့မှ Mr.Phan Darasy နှင့် ဒေါ်နန်းနှင်းသက်ထွေးတို့သည် ယမန်နေ့က ဝယ်ယူရေး၊ ဘဏ္ဍာရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မှတ်တမ်းဖိုင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။

ကျွန်းလှတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၆၅၀)ဆဋ္ဌမအကြိမ် ထုတ်‌ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့၌ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှု အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့  နံနက် ၁၁ နာရီက ဓနုဖြူ မြို့မဈေးရုံးတွင် ပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းယားကြီးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၁၄)ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၄)ရွာအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀;၃၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဓနုဖြူမြို့၌ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှု အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေးကြိုတင်ကာကွယ်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁နာရီက ဓနုဖြူမြို့မဈေးရုံးတွင် ပြုလုပ်ခဲ့သည်။

ဒေသခံတောင်သူများ နွေသီးနှံစိုက်ပျိုးရေ အပြည့်အဝရရှိစေရန် ရေပေးဝေသည့် လက်တံမြောင်းများ ကောင်းမွန်ရေး စုပေါင်းရှင်းလင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်နေပြီဖြစ်ရာ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ်အတွင်း မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေသည့် တောင်မုန်းမြောင်းမကြီး၏ လက်တံ(၁၁)ခွဲ မြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် ရေမိတ်များနှင့် ရေလက်တံမြောင်း(ဝဲ ၊ ယာ)ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း( စတုတ္ထနှစ်စက်ဝန်း) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများ၊ ကျေးရွာရာအိမ်မှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ တံတားမြို့အတွင်း ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင် ရွက်ရန် ဦးစားပေးလျာထားသည့် စီမံကိန်းလုပ်ငန်းခွဲများအား ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

COVID-19ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံ(PPE) အသုံးပြုဝတ်ဆင်နည်း တနင်္သာရီမြို့နယ် ကျန်းမာရေးဝန်ထမ်းများအား အသိပညာပေး သရုပ်ပြ

ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus ကြောင့် ကူးစက် ပျံ့နံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွါးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် COVID-19 ဗိုင်းရပ်စ် ကာကွယ် ရေးဝတ်စုံ(PPE) အသုံးပြုဝတ်ဆင်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ ခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း ပြုလုပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်နှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဓါတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ တက်ရောက်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ