ဝေးလံခေါင်ဖျားဒေသသတင်းများ

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ အကောင်ထည်ဖော်ဆောင်ရွက်မည့် ဘူးတောင်းကျေးရွာတွင် မီးလင်းရေးလုပ်ငန်း စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​သော ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်းကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင်၊ ရွေးချယ်ဖော်ထုတ်ထားသော ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် တာဝန်ရှိသူများ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့်အတူ မကွေးတိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရဲမြင့်အောင်၊ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုး၊ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်တို့ ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက် ပိုင်းက စလင်းမြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးသက်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟိန်းဆက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေတို့နှင့် တွေ့ဆုံ၍

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား နေပြည်တော်တွင်ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနက ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အဟာရသုခဈေးတွင် ကျင်းပသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နွေရာသီ သောက်သုံးရေ ကူညီဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အတွင်းရှိ ကျေးရွာ(၁၆)အတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေး

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း သည် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီများ၊ မော်တော်ယာဉ် ဂိတ်ပိုင်၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် တွေ့ဆုံကာ ခရီးသွားပြည်သူများ အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းရောဂါဖြစ်စေ​သော ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အန္တရာယ်တစ်စုံတစ်ရာ မရရှိစေရေး ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

ပခုက္ကူတက္ကသိုလ်ဝန်းအတွင်း ကျောင်းသားအိပ်ဆောင်နှင့်ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်း၏ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူ တက္ကသိုလ်ဝန်းအတွင်း ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်း၏ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက  ကျင်းပသည်။

ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နွေရာသီသောက်သုံးရေဖူလုံစေရေး သောက်သုံးရေကန်ကြီး ပြန်လည် တူးဖော်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နှစ်စဉ်နွေရာသီကာလအတွင်း သောက်သုံးရေကန်များ ခမ်းခြောက်လျက်ရှိရာ ဒေသခံပြည်သူများ ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၁၃၀)ဖြင့် ကျေးရွာတောင်ဘက်ခြမ်း၌ သောက်သုံးရေကန်ကြီးအား ပြန်လည်တူးဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာရှိ ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ လုပ်ငန်းအဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာတွင် မုံရွာမြို့နယ်ဘက်မှ လာရောက် လုပ်ကိုင်နေသော ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ အရောင်းအဝယ် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများ နွေသီးနှံစိုက်ပျိုးရေ အပြည့်အဝရရှိစေရန် ရေပေးဝေသည့် လက်တံမြောင်းများ ကောင်းမွန်ရေး စုပေါင်းရှင်းလင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်နေပြီဖြစ်ရာ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီက  ပွင့်ဖြူမြို့နယ်အတွင်း မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေသည့် တောင်မုန်းမြောင်းမကြီး၏ လက်တံ(၁၁)ခွဲ မြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် ရေမိတ်များ နှင့်  ရေလက်တံမြောင်း(ဝဲ ၊ ယာ)ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ