ဝေးလံခေါင်ဖျားဒေသသတင်းများ

ထန်းတပင်မြို့ ရေပေါ်သောင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်ဂဝံလမ်းဖောက်လုပ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စပါးသယ်ယူမှု များကို ငွေကြေးကုန်ကျမှုစရိတ်သက်သာစွာဖြင့် စျေးကွက်သို့လျင်မြန်စွာရောက်ရှိနိုင်စေရန်နှင့် ပျက်စီးလွယ်သော သီးနှံများသယ်ယူပို့ဆောင်ချိန်တွင် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် အတွက် ကျေးလက်ကုန်ထုတ်ဂဝံလမ်းကို ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ် သောင် ကျေးရွာ တွင် ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ (Covid-19) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

အသက်ရှုလမ်းကြောင်းဆိုင်ရာ (Covid-19) အဆုတ်ရောင်ရောဂါအား ကြိုတင်ကာကွယ် နိုင်ရန် နည်းလမ်းများနှင့် အဆိုပါရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

Covid-19ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ငမိုးရိပ်ရပ်ကွက်အတွင်း အစည်းအဝေးကျင်းပ

Covid-19 ရောဂါ ကြိုတင်သတိပြုကာကွယ်နိုင်စေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် ဓမ္မာရုံတွင် ယမန်နေ့ ညပိုင်းက အစည်းအဝေး ကျင်းပခဲ့သည်။

ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းပေးအပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ ရွှေဘုန်းဘက်စုံသုံးခန်းမ ဆောင်၌ ယမန်နေ့ ညနေ ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဦးစီးဌာန တောင်ငူခရိုင်ရုံး ဦးစီးအရာရှိ ဦးအာကာကိုကို ဦးဆောင်ပြီး ဌာနရုံးဝန်ထမ်းများက ယမန်နေ့ နံနက် ၁ နာရီတွင် ကျွန်းပင်ဆိပ်ကျေးရွာရှိ မီးလောင်ဆုံးရှုံးသွားသည့် အိမ်ထောင်စုဝင်(၄)စု၊ လူဦးရေ(၂၃)ဦးအား ဆန်းဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၄၈၃၀၀)သိန်း၊ ပစ္စည်း(၁၉)မျိုးပါ ဘူးများအား တိုင်းဒေသကြီး အမှတ်(၁) လွတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့နှင့်အတူ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၈၀ ဒဿမ ၄၆) သန်းဖြင့် တင်ဒါအောင်မြင်သည့်

ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော် (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော်(၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၇ရက်နေ့ (မတ်လ၁၅ရက်နေ့မှ ၁၁ရက်နေ့) အထိ ကျင်းပမြဲဖြစ်ရာ ကမ္ဘာတလွှား ဖြစ်ပွားလျက်ရှိသော(ကိုရိုနာဗိုင်းရပ်) ကူးစက်ရောဂါ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ် သံဃနာယက ဆရာတော်များ၊ အုပ်စု သံဃ နာယကဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရှိ ရပ်မိ/ရပ်ဖနှင့် ခမောက်တောင်တော် ဂေါပကလူကြီးမင်းများ အားလုံးစုံညီ ညှိနှိုင်း တိုင်ပင်ချက်အရ ဘုရားပွဲတော်ရက်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများအတွက် ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ P.P.E နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်း

Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် P.P.E နှင့် လက်သန့်စင်ဆေးရည်၊ နှာခေါင်းစည်းများပေးအပ်လှူဒါန်းပွဲကို မတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရေတာရှည်မြို့နယ်၊ မြို့နယ်ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် ကအဖွင့်အမှာစကားပြောကြားသည်။

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြိုင်မြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူဦးစီးဌာနက ထုတ်ဝေသော စားသုံးသူအခွင့်အရေးများနှင့် ပြန်လည်ကုစားခြင်းဆိုင်ရာ အချက် ၈ ချက်ပါ ပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံဦးဇော်ထွန်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးဘိုဝင်းနှင့် မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဌေးတို့မှပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်း၍ စားသုံးပြည်သူများ သိသင့်သိထိုက်သည့် အခွင့်အရေးများအကြောင်းနှင့် ပြန်လည်ကုစားခြင်းများ အကြောင်းတို့ကို စားသုံးသူရေးရာဦးစီးမှူး မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းဦးက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိကအပြင်းဖျားရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် သံဆည်ကျေးရွာ၌  ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊‌ ဟင်္သာတခရိုင်၊‌ လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်‌ဝေခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ