မြိုင်မြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။