ဝေးလံခေါင်ဖျားဒေသသတင်းများ

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ချင်းပြည်နယ် တရားလွှတ်တော် ဆောက်လုပ်ခြင်း လုပ်ငန်းကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်း၊ ကောင်စီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ချင်းပြည်နယ် တရားလွှတ်တော်ဆောက်လုပ်ရေး လုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက်

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကျင်းပ

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက် ၁၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၆)ဦးသေဆုံး

ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာ မှတစ်ဆင့် အပူလွန်ကဲပြီး ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၍ လူ(၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာန၏ MCCT အစီအစဉ်အရ လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ (Maternal and Child Cash Transfer-MCCT)အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အထိ ကလေးများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်ခန့်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။

ရေဇွာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ချင်းပြည်နယ်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြသည်။

ခိုင်ကမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ (၂)နှစ်အထိ ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ခိုင်ကမ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ