ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၂၈)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းမှစ၍ ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။