ဝေးလံခေါင်ဖျားဒေသသတင်းများ

ပေါက်မြို့နယ် ယောချောင်းဒေသထွက်အာလူးများ ပခုက္ကူဈေးကွက်သို့ တစ်ရက်လျှင် အချိန်ခုနှစ် သောင်းခန့်ဝင်ရောက်

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းထွက် အာလူးများ ပခုက္ကူဈေးကွက်သို့နေ့စဉ် အချိန်ခုနှစ်သောင်းခန့်ဝင်ရောက်လာကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံကသိရသည်။

ခင်ဦးမြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မတ်လ ၁၇ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနမှ  လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်အဖြစ်  အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လ အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၂နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ကြောင်း သိရသည်။

ဂျပန်ကုမ္ပဏီက မြန်မာနိုင်ငံမှ စိန်တလုံး သရက်သီးတန်ချိန် ၁၂၀၀ ဝယ်ယူရန် သရက်စိုက်တောင်သူများ နှင့် စာချုပ် ချုပ်လျက်ရှိ

ယခုနှစ်သရက်သီးရာသီချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တလုံးသရက်သီးတန်ချိန် ၁၂၀၀ အားဝယ်ယူရန် သရက်ထွက်ရှိသည့်ဒေသများမှ သရက်စိုက်တောင်သူများနှင့် ဂျပန်နိုင်ငံ YUKIOK Myanmar Co.Ltd မှ စာချုပ်ချုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှသိရသည်။

မြောက်ဥက္ကလာပမြို့နယ်နှင့် ထိစပ်နေသော ငမိုးရိပ်ချောင်းဘေး တစ်လျှောက် ကမ်းထိန်း ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် ထိစပ်နေသော ငမိုးရိပ် ချောင်းဘေး တစ်လျှောက် ကမ်းထိန်း ပြုလုပ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်  ၇ နာရီ က ဆက်လက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့၌ ကျေးရွာ (၂၀)အား VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ‌ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၂၀)အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက်လုပ်နေမှု မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂)လုံး ဆောက်လုပ်နေခြင်းကို မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက် (၉) နာရီက သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒယ်ပုတ်ကွင်းကျေးရွာ အုပ်စုတွင် စွမ်းအားမြှင့် မီးဖို ၁၅၃၄ လုံးကို ကျေးရွာ အရောက် (အခမဲ့) ဖြန့်ဝေပေး

သစ်တောပြုန်းတီမှု ကာကွယ်‌‌စေရေး၊ လောင်စာလျှော့ချရေး၊ ကာဗွန်လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ထန်းပင်ကုန်းကျေးရွာ၊ ထန်းပင်ကုန်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ဆောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့  နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ